Announcements

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့မှ ကြေညာချက် အမှတ်(၁၃၁) ထုတ်ပြန်

Last Updated:

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှစတင်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လာရောက်မည့် နိုင်ငံတကာခရီးသွားများအနေဖြင့် Quarantine နေထိုင်ရန် မလိုကြောင်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကိုဗစ်ရောဂါထိန်းချုပ်ရေးဆိုင်ရာ နောက်ဆုံးမူဝါဒ အဖြစ် တရုတ်နိုင်ငံ၏ National Health Commission မှ ထုတ်ပြန်ခဲ့ကြောင်းနှင့် အဆိုပါ မူဝါဒ ထုတ်ပြန်ပြီးနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)မှ ကိုဗစ်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများ ဖြေလျှော့သည့်အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကြေညာချက် အမှတ် -၁၃၁ ကို ထုတ်ပြန်ခဲ့ရာအဆိုပါ ထုတ်ပြန်ချက်တွင် အောက်ပါအချက်များ ဖော်ပြပါရှိကြောင်း သိရှိရပါသည်-

( က)   ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်မှစတင်၍ တရုတ်နိုင်ငံသို့ လာရောက်မည့် လူပုဂ္ဂိုလ်များ အား Nucleic Acid Test (NAT) စစ်ဆေးခြင်းအား ဖျက်သိမ်းကြောင်း၊

( ခ )   တရုတ်နိုင်ငံအတွင်းရှိ ပြည်နယ်/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/ ဗဟိုအစိုးရမှ တိုက်ရိုက်အုပ်ချုပ်သည့် မြို့များအနေဖြင့် လမ်းညွှန်ချက်အရ နယ်စပ်ဂိတ်များမှ ကုန်ပစ္စည်းများ/ ခရီးသည်များ သယ်ယူပို့ဆောင်ရေးကို ပြန်လည်လုပ်ကိုင်ရန် တွန်းအား ပေးကြောင်း၊

( ဂ )  ထို့အပြင် တရုတ်နိုင်ငံသို့ တင်သွင်းသည့် အေးခဲအစားအစာများ (Cold- chain Food) နှင့် အေးခဲမဟုတ်သော အစားအစာများ (Non Cold- chain Food) အား နယ်စပ်ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးသည့် Nucleic Acid Test စစ်ဆေး သည့် စနစ်အား ဖျက်သိမ်းကြောင်း၊

ရုံးလုပ်ငန်းအဖွဲ့

              တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အစားအသောက်တင်ပို့သည့် လုပ်ငန်းများ

မှတ်ပုံတင်မည့်ကိစ္စနှင့် ထောက်ခံချက်ပေးနိုင်ရေးအတွက်လုပ်ငန်းအဖွဲ့

Category: Announcements